12min Notes Myanmar
Pricing Psychology (Advanced Super Guide)
Pricing Psychology (Advanced Super Guide)
What's in this package?
📌 ကိုယ်သတ်မှတ်တဲ့ရောင်းဈေးကို တန်တယ်လို့ ထင်အောင် Psychology နည်းလမ်း သုံးပြီး လုပ်ယူလို့ ရပါသလား❓
Pricing Psychology နဲ့ပတ်သက်လို့ နိုင်ငံတကာမှာ ထင်ရှားတဲ့ သုတေသနတစ်ခု ရှိပါတယ်။*
အဲဒီသုတေသနမှာ အပြုအမူဆိုင်ရာစိတ်ပညာရှင်တွေက The Economist မဂ္ဂဇင်းကို လစဥ် ဝယ်ယူဖတ်ရှုနေသူတွေအတွက် မတူညီတဲ့ရွေးချယ်ခွင့်တွေ ဖန်တီးပြီး လေ့လာစမ်းသပ်ခဲ့ကြပါတယ်။
*ကိုးကားစာတမ်း − Ariely, D., & Jones, S. (2008). Predictably Irrational. New York, NY.
_______________________________
1️⃣ ပထမရွေးချယ်ခွင့်က ဒီအတိုင်း ရိုးရိုးရှင်းရှင်းပါ။
👉🏻 Digital Magazine - $59
👉🏻 Print Magazine - $125
ဒီရွေးချယ်ခွင့်မှာဆိုရင် သင်ရော ဘယ်ဟာကို ဝယ်ယူချင်ပါသလဲ?
ပထမစမ်းသပ်လေ့လာမှုမှာတော့ လူအများစု (၈၀ ရာခိုင်နှုန်းကျော်) က ဈေးပိုသက်သာတဲ့ Digital Version ကိုပဲ ရွေးချယ်ဝယ်ယူကြပါတယ်။
(ဒါသိပ်မထူးဆန်းသေးပါဘူး)
_______________________________
2️⃣ ဒုတိယအကြိမ်စမ်းသပ်မှုအနေနဲ့ စိတ်ပညာရှင်တွေက နောက်ထပ်ရွေးချယ်ခွင့်တစ်ခုကို အခုလိုထပ်ဖြည့်လိုက်ပါတယ်။
👉🏻 Digital Magazine - $59
👉🏻 Print Magazine - $125
👉🏻 Print + Digital Magazine - $125 **
(ဒုတိယအခြေအနေမှာ ဈေးနှုန်းရော ရောင်းတဲ့ပစ္စည်းရော လုံးဝမပြောင်းဘဲ ရွေးချယ်စရာအသစ်တစ်ခုပဲ ထပ်တိုးလိုက်တာ သတိပြုပါ။)
ထပ်တိုးထားတဲ့ Print + Digital နှစ်ခုပေါင်းဈေးနှုန်းက Print သီးသန့်ဈေးနှုန်းနဲ့ တူနေတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ဈေးမှားရေးထားတယ်လို့ ထင်စရာပါ။
ဒါပေမယ့် ဒါဟာ ဈေးမှားရေးထားတာမဟုတ်ဘဲ စိတ်ပညာရှင်တွေ တမင်ဖန်တီးပြီးထည့်ထားတဲ့ ဈေးနှုန်းပါ။
⚡️ဒါကို Decoy Pricing Tactic လို့ ခေါ်ပါတယ်။
_______________________________
ထူးဆန်းတဲ့အချက်က −
Pricing Psychology နည်းလမ်းတစ်ခုကို အသုံးချလိုက်ပြီးတဲ့ ဒီဒုတိယရွေးချယ်ခွင့်မှာတော့ ၈၆ ရာခိုင်နှုန်းသော ဝယ်သူတွေက (ပိုတန်တယ်လို့ ထင်နေရတဲ့) Print + Digital ကို ဝယ်ယူသွားကြပါတယ်။
ဒီသုတေသနကို လေ့လာကြည့်ရင် Decoy Pricing Tactic ကို အသုံးပြုလိုက်တဲ့အခါ
✅ ဝယ်သူအနေနဲ့လည်း ပေးရတဲ့ဈေးနှုန်းထက် ပိုတန်တာကို ရလိုက်တယ်လို့ ခံစားရသလို
✅ ရောင်းသူဘက်ကလည်း ဈေးနှုန်းရွေးချယ်ခွင့်ကို ပြင်ရေးလိုက်ရုံနဲ့ ပုံမှန်ထက် ဝင်ငွေ ၂ ဆ တိုးမြင့်သွားတာကို တွေ့ရှိရပါတယ်။💯
(အရင် ဝယ်သူ ၈၀ ရာခိုင်နှုန်းက $60 တန် ဝယ်နေရာကနေ အခု ဝယ်သူ ၈၀ ရာခိုင်နှုန်းက $125 တန်ကို ဝယ်သွားကြပါတယ်။)
ဒီ Pricing Psychology နည်းလမ်းတစ်ခုက ကိုယ်ရောင်းချင်တဲ့ပစ္စည်းကို ရွေးချယ်တင်ပြပုံ ပြောင်းလဲလိုက်ရုံနဲ့ ဝယ်သူတွေ မရွေးဘဲမနေနိုင်အောင် လုပ်လို့ရကြောင်း ဖော်ပြနေပါတယ်။
⚡️ဒီအတွက်ကြောင့် နိုင်ငံတကာက အသေးစား၊ အလတ်စား၊ အကြီးစား စီးပွားရေးလုပ်ငန်းတွေအားလုံးနီးပါးမှာ Psychology နည်းလမ်းတွေကို ထိရောက်စွာ အသုံးချနေကြတာပါ။
_______________________________
NEXT STEP:
အကယ်၍ သင်က စီးပွားရေးလုပ်နေသူတစ်ယောက်ဖြစ်ပြီး
✨ Customer တွေကို စိတ်ကျေနပ်အောင်လုပ်ပေးရင်း
✨ မိမိလုပ်ငန်းရဲ့ဝင်ငွေကိုလည်း ၂ ဆမက တိုးပွားလာစေမယ့် အခုလို Pricing Psychology နည်းလမ်းပေါင်း ၆၀ ကျော်ကို မြန်မာလိုလေ့လာပြီး လက်တွေ့အသုံးချနိုင်ချင်တယ်ဆိုရင်တော့
12min Notes Myanmar က ဖန်တီးထုတ်ဝေထားပြီး ဝယ်သူပေါင်း ၁၀၀၀ ကျော် ရှိနေပြီဖြစ်တဲ့ “Pricing Psychology” ဆိုတဲ့ Super Guide (eBook) ကို လေ့လာနိုင်ပါပြီ။ ⚡️
💎 ဒီ Pricing Psychology (Super Guide eBook) မှာ အခုဖော်ပြခဲ့တဲ့ Decoy Pricing အပါအဝင် −
✅ နောက်ထပ် Pricing Psychology နည်းလမ်းပေါင်း ၆၀ ကျော်ကို
✅ နိုင်ငံတကာမှ စိတ်ပညာဆိုင်ရာ သုတေသနစာတမ်းပေါင်း ၁၀၀ ကျော်ကို စနစ်တကျ ကိုးကားပြီး
✅ Case Study ပေါင်းများစွာဖြင့် မြန်မာဘာသာနဲ့ ရှင်းလင်းစွာ (စာမျက်နှာ ၂၀၀ ကျော်) ရေးသားပြုစုပေးထားတာကြောင့် အလွယ်တကူလေ့လာပြီး ထိရောက်စွာ အသုံးချနိုင်မှာဖြစ်ပါတယ်။ 💯
_______________________________
နောက်ပြီး −
ဒီ Pricing Psychology နည်းလမ်းတွေက